ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ သတိမူသင့်တဲ့ ကိစ္စရပ် ၄ ခု

ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဖို့ သတိမူသင့်တဲ့ ကိစ္စရပ် ၄ ခု

ဝန်ထမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်တဲ့အခါ လုပ်ငန်းရဲ့ အရှိန်အဟုန် တိုးတက်မှုကလည်း ပိုကောင်းပါလိမ့်မယ်။ ဒါက ပုံသေနည်းပါပဲ။ ပြီးတော့ ဝန်ထမ်း အဝင်အထွက် ကိစ္စတွေက ကုမ္ပဏီရဲ့ ဘဏ္ဍာရေးကိုလည်း အထိုက်အလျောက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေနိုင်ပါတယ်။ ကိုယ့်ရဲ့ လက်ရှိဝန်ထမ်းကို ပေးချေဖို့ ငြင်းပယ်တဲ့ လုပ်ခငွေကြေးတွေဟာ ဝန်ထမ်းသစ် ခန့်အပ်မှု လုပ်ငန်းစဉ်ထဲမှာ ကုန်ကျစရိတ် ဖြစ်လာတတ်တာကိုလည်း သတိပြုသင့်ပါတယ်။

လုပ်ငန်းနယ်ပယ် တစ်ခုမှာ ဝန်ထမ်းတွေ အဝင်အထွက် ရှိနေတာဟာ မဆုံးနိုင်တဲ့ စက်ဝန်းတစ်ခု ဖြစ်ပါတယ်။ သေချာတာက ထူးချွန်တဲ့၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ထွက်ခွာသွားပြီ ဆိုရင် ကုမ္ပဏီအတွက် အနုတ်လက္ခဏာ သက်ရောက်မှုတွေ ရှိလာမယ် ဆိုတာပါ။ ဝန်ထမ်းကောင်းတွေ ဆုံးရှုံးမှုကို လျှော့ချဖို့ဆိုရင် ထိုက်သင့်တဲ့ ငွေကြေး သုံးစွဲမှုတွေအတွက် မဟာဗျူဟာတစ်ရပ် သတ်သတ်မှတ်မှတ် ထားရှိသင့်တယ်လို့ အလုပ်အကိုင် နေရာ ၅၀၀၀ ကျော်နဲ့ ပတ်သက်လို့ ဆန်းစစ် လေ့လာထားတဲ့ Glassdoorရဲ့ စီးပွားရေး သုတေသန အစီရင်ခံစာက ဖော်ပြထားပါတယ်။