Finance and Administration Assistant

Dagon Glory Recruitment Services
Updated at: 25/03/2024
Job Details
Job Type:
Full Time
Job Category:
Customer Services
No. of Vacancy:
5
Company Details
Company Main Industry:
Education/Training
No. of Employees:
20
Joining Period:
30 (in days)
Preferred Candidate
Career Level:
Entry / Junior
Diploma/Degree:
High School or Some Education
Years of Experiences:
1-3 Years
Professional skills

- Good at Microsoft Office, writing email,internet

Job Description


- သင်တန်း (သို့) ကျောင်းတက်ရောက်သော ကျောင်းသား/ကျောင်းသူများ၏ လစဉ် ကျောင်းလခပေးချေမှုများကို သေချာစွာလက်ခံခြင်း
- နေ့စဉ်ငွေကြေး ဝင်/ထွက်စာရင်းအားအသေးစိတ်မှတ်သားခြင်း,, စာရင်းသွင်းခြင်း,, ဘောက်ချာများဖြတ်ခြင်းနှင့် Operation Director ထံသို့နေ့စဉ် (သို့) အများဆုံး ၂ ရက်တခါ အစီရင်ခံတင်ပြ၍ စစ်ဆေးမှုခံယူခြင်း
- ပစ္စည်းဝင်ထွက်စာရင်း (Stock Ledger) အားနေ့စဉ်မှတ်တမ်းတင်ခြင်းနှင့် အပတ်စဉ် စစ်ဆေးခြင်း (မှတ်ချက် - စာအုပ်, uniform အစရှိသဖြင့်)
- ပုံသေပိုင်ပစ္စည်း (Fixed Assets) ဝယ်ယူမှုရှိပါက စဉ်ဆက်မပြတ်မှတ်တမ်းတင်ရန် နှင့် စစ်ဆေး၍ အမှတ်အသားများကပ်ထားခြင်း
- Founder များ နှင့် Education Officer မှ တိုက်ရိုက်ညွှန်ကြားသော အကြောင်းအရာ အချက်အလက်များကို စနစ်တကျသေချာစွာလုပ်ကိုင်ဆောင်ရွက်ပြီး အကြောင်းအကျိုး အချက်အလက်များကို ပြန်လည်အစီရင်ခံတင်ပြရခြင်း
- နေ့စဉ်လုပ်ဆောင်မှုများကို telegram channel တွင် နေ့စဉ်အစီရင်ခံတင်ပြရခြင်း
- ကျောင်းတွင်း/ ကျောင်းပတ်ဝန်းကျင် အစဉ်အမြဲ သန့်ရှင်းလှပနေစေရန်အတွက် လိုအပ်ချက်များ ရှိပါက သန့်ရှင်းရေးအားတိုက်ရိုက်ညွှန်ကြား လုပ်ဆောင်ခြင်း
- ကျောင်းတွင်း/ကျောင်းပြင်ပပွဲများကျင်းပပါက Founder တို့၏ ညွှန်ကြားမှုအတိုင်း ခုံစီရန်နှင့် အထွေထွေ လိုအပ်သည်များစီစဉ်လုပ်ဆောင်ခြင်း
- ကျောင်းသား/သူများမှ တိုက်ရိုက်လာရောက်သော Complaint များရှိသော် သေချာစွာ မှတ်သားထား၍ အထက်လူကြီးထံ ပြန်လည်အစီရင်ခံ တင်ပြခြင်း
- ကျောင်းသို့မေးမြန်းသောဖုန်းများဝင်ရောက်လာပါက လက်ခံဖြေကြားခြင်း
- အပတ်စဉ် ပြုလုပ်သော Japanese speaking club အတွက် လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးခြင်း
- Receptionist cum admin assist-2 နှင့် လိုအပ်သည်များကို အတူတူပူးပေါင်းလုပ်ဆောင်ခြင်း
- ဖုန်းဖြင့်ဖြစ်စေ ကျောင်းသို့တိုက်ရိုက်ဖြစ်စေ ကျောင်းရှိသင်ကြားပေးသော ဘာသာရပ်များ, course များနှင့်ပတ်သတ်၍ စုံစမ်းမေးမြန်းမှုများအား လက်ခံဖြေကြားပေးခြင်း

Job Requirement

Requirements:
-စာရင်းပိုင်းနှင့် ပတ်သတ်၍ အနည်းငယ် ဗဟုသုတ အတွေ့အကြုံရှိသူ
-Computer, MS Office, Google Doc, Email ကောင်းစွာ အသုံးပြုနိုင်သူ
-ဆက်ဆံရေးပြေပြစ်၍ စကားအပြောအဆို ချိုသာ ပါးနပ်သူ

Company Profile

Dagon Glory Recruitment Services

Introducing Dagon Glory, a recruiting firm, that is in business of solving your talent scarcity. Dagon Glory is the perfect platform for employers to meet top talents in Myanmar.