Academic Officer

Dagon Glory Recruitment Services
Updated at: 22/03/2024
Job Details
Job Type:
Full Time
Job Category:
Education/Teaching
No. of Vacancy:
3
Company Details
Company Main Industry:
Education/Training
No. of Employees:
20
Joining Period:
30 (in days)
Preferred Candidate
Career Level:
Senior / Executive
Diploma/Degree:
Bachelor's Degree
Years of Experiences:
3-5 Years
Professional skills

- Good at Microsoft Office, writing email,internet

Job Description


Descriptions;
- နေ့စဉ် မနက် ၇ နာရီခွဲ အလုပ်ရောက်သည်နှင့် email, chat, telegram များကို စစ်ဆေး၍ မေးမြန်းပြောကြားသည်များကို ဖြေကြားလုပ်ဆောင်ရန်
- Founder များထံမှ အတည်ပြုချက်ယူ၍ ဖြေဆိုအကြောင်းပြန်ရမည့်ကိစ္စရပ်များအတွက် အချိန်နှင့် တပြေးညီ telegram group အတွင်းသို့ တင်ပြကာ အတည်ပြုချက်ရယူပြီး သက်ဆိုင်ရာသို့ ပြန်လည်ဖြေကြားရန်
- ဖွင့်လှစ်ထားသော အတန်းများနှင့် ဆက်လက်ဖွင့်လှစ်မည့်အတန်းများ မည်သည့်အတန်းတိုင်း (online/offline) အတွက်မဆို စောင့်ကြည့် စစ်ဆေးညွှန်ကြား လုပ်ဆောင်ရန်
- ဆရာ/ဆရာများ၏ တက်ရောက်မှုအချက်အလက်များကို အချိန်ဇယားအတိုင်းနေ့စဉ် သေချာစွာ စစ်ဆေးရန်
- နေ့စဉ်လုပ်ဆောင်မှုများကို telegram channel တွင် အချိန်နှင့် တပြေးညီ/ ရုံးချိန်အတွင်း (ညနေ ၄ နာရီခွဲ) နောက်ဆုံးထား၍ နေ့စဉ်အစီရင်ခံတင်ပြရန်
- Google Drive တွင်တင်ထားသော IT Students Progress Record အားအမြဲမပျက် update လုပ်ရန်နှင့် update လုပ်ပြီးပါက အကြောင်းကြားရန်
- ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းတက်ရောက်မှု/ပျက်ကွက်မှုစာရင်းများကို လစဉ် ဖြည့်စွက် မှတ်တမ်းတင်ရန် (Report Card နှင့် ပူးတွဲပေးရန်)
- Founder များမှ တိုက်ရိုက်ညွှန်ကြားသော အကြောင်းအရာ အချက်အလက်များကို စနစ်တကျ သေချာစွာ လုပ်ကိုင်ဆောင်ရွက်ပြီး အကြောင်းအကျိုး အချက်အလက်များကို ပြန်လည် အစီရင်ခံ တင်ပြရန် (Partner Company များသို့ သွားရောက်တွေ့ဆုံခြင်း၊ ကျောင်းတွင်းပွဲနှင့် activityများ လုပ်ဆောင်ခြင်း၊ ပွဲ/အစည်းအဝေးများ တက်ရောက်ခြင်း စသဖြင့်
- ဆွေးနွေးမှုများ စည်းဝေးမှုများတိုင်းအတွက် အကြောင်းအရာများကိုသေချာစွာ မှတ်တမ်းယူ၍ google drive ထဲရှိ AO Meeting Record Report ဖိုင်ထဲတွင် ရေးသားတင်ပြရန်
• ကျောင်းသားများနှင့် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ဆွေးနွေးမှုများ
• ဆရာ/ဆရာမများနှင့်ဆွေးနွေးမှုများ
• မိဘများနှင့်ဆွေးနွေးမှုများ
• ပြင်ပအဖွဲ့အစည်းများသို့ သွားရောက်တွေ့ဆုံဆွေးနွေးမှုများ
• ဖိတ်ကြားထားသောပွဲများသို့တက်ရောက်မှုများ

Job Requirement

Requirements:
- Management ပိုင်းနှင့် ပတ်သတ်၍ လုပ်ကိုင်ဖူးသူ
- Computer, MS Office, Google Doc, Email ကောင်းစွာ အသုံးပြုနိုင်သူ
- ဆက်ဆံရေးပြေပြစ်၍ စကားအပြောအဆို ချိုသာ ပါးနပ်၍ လိုက်လျောညီထွေစွာပြောဆို ဆက်ဆံနိုင်သူ
- ပြဿနာများရှိလာပါက သေချာစွာ စဥ်းစားဆင်ခြင်၍ ကိုင်တွယ်ဖြေရှင်းနိုင်သူ
- ကျောင်းသားများ၊ မိဘများ၊ ဆရာများ၊ ဝန်ထမ်းများကြား ကောင်းမွန်စွာ ဦးစီးပြောဆိုဆက်ဆံနိုင်သူ

Company Profile

Dagon Glory Recruitment Services

Introducing Dagon Glory, a recruiting firm, that is in business of solving your talent scarcity. Dagon Glory is the perfect platform for employers to meet top talents in Myanmar.