အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ကြုံရတတ်တဲ့ စိန်ခေါ်မှု ၆ ခု ===========

စီးပွားရေး နယ်ပယ်မှာတော့ စိန်ခေါ်မှုတွေက ပုံစံမျိုးစုံနဲ့ ရှိနေမှာပါ။ SMBလို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေမှာလည်း အချိန်တိုင်း စိန်ခေါ်မှုတွေ ကြုံနေရတာပါပဲ။ SMBတွေ ကြုံရတတ်တဲ့ ပြဿနာတွေ၊ အကျပ်အတည်းတွေက ပင်ကို သဘာဝ ကွဲပြားမှု တော်တော်များများ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ ဆန်းစစ်ကြည့်ရင် အခြေခံ ပြဿနာ ခြောက်မျိုးကို ကောက်နုတ်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်ခွင်မှာ ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှု ပုံစံ ၁၀ မျိုး ============

ပြီးပြည့်စုံတဲ့ စိတ်ကျေနပ်စရာ လုပ်ငန်းခွင် တစ်ခုဆိုတာ ကိုယ်ဝါသနာပါရာ၊ ကိုယ့်ကျွမ်းကျင်မှုနဲ့ ကိုက်ညီရာ နေရာမှာ အလုပ်လုပ်ခွင့် ရရုံနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှု၊ ဆက်ဆံရေး ကောင်းမွန်မှုတွေကလည်း သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ကိုယ့်ရဲ့ အကြီးအကဲ၊ ဒါမှမဟုတ် ကိုယ်ပါဝင်တဲ့ အစုအဖွဲ့ကို ကွပ်ကဲနေတဲ့ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်မှု အရည်အချင်း ညံ့ဖျင်းရင်၊ အားနည်းရင် စိတ်ပျက်စရာ၊ အနှောင့်အယှက် ဖြစ်စရာတွေ ကြုံရပါလိမ့်မယ်။ ကိုယ့်ရဲ့ အထက်လူကြီး၊ ဒါမှမဟုတ် ကြီးကြပ် ကွပ်ကဲသူ ပုဂ္ဂိုလ်ဟာ ခေါင်းဆောင်မှု စွမ်းရည် ညံ့ဖျင်းနေသလား ဆိုတာကို အကဲဖြတ်ဖို့ဆိုရင် ဒီအချက်တွေကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။

HRဌာနရဲ့ အခြေခံ လုပ်ငန်းစဉ် ခြောက်ရပ်==========Credit: www.myanmarjoblink.com

စွမ်းဆောင်ရည် ပြည့်ပြည့်ဝဝနဲ့ ထိထိရောက်ရောက် လုပ်ငန်းလည်ပတ်နေတဲ့ HRဌာန တစ်ခုဟာ ကိုယ်စားပြု ကုမ္ပဏီ အဖွဲ့အစည်းရဲ့ ကဏ္ဍအလိုက် အရေးအပါဆုံး လိုအပ်ချက်တွေကို ကူညီ ဖြည့်ဆည်းပေးနိုင်ပါတယ်။ HRတွေဟာ ကုမ္ပဏီရဲ့ တန်ဖိုးအရှိဆုံး အရင်းအမြစ်တွေကို စီမံခန့်ခွဲနေတာပါ။ အဲဒီ အရင်းအမြစ်တွေကတော့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကို ဆိုလိုပါတယ်။ HRတွေ တာဝန်ယူရတဲ့ သတ်မှတ်ချက်တွေ၊ နယ်ပယ်တွေ ကွဲကွဲပြားပြား ရှိနေတတ်ပါတယ်။ လုပ်ငန်းငယ်တွေမှာဆိုရင် HRဌာန တိတိကျကျ မထားတာမျိုး တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းရေးရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ထိရောက်အားကောင်းတဲ့ လုပ်အားရင်းမြစ်ကို ရွေးချယ် စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ HRဌာန တစ်ခုဟာ အခြေခံ လုပ်ငန်းစဉ် ခြောက်ခုကို စီမံကြီးကြပ်ဖို့ တာဝန်ယူလေ့ ရှိပါတယ်။